Sunday 13 November 2016

ကမ္ဘာ့အမြန်ဆုံး မိုဘိုင်းဖုန်း ဖြစ်လာဖို့ ရည်ရွယ်လာတဲ့ HTC Bolt


Android 7.0 Nougat နဲ့ အတူ ကမ္ဘာ့အမြန်ဆုံး ဖုန်းလာဖို့ ရည်ရွယ်လာတဲ့ HTC Bolt ဟာ HTC သမားတွေအတွက် သီးသန့်ရည်ရွယ်ထုတ်လုပ်လိုက်တယ် လို့ ဆိုပါတယ်။ Android version အသစ် Android 7.0 Nougat ကို LTE-Advance network နဲ့ ချိတ်ဆက်ထားပါတယ်။ ကနေဒါနိုင်ငံ မပါဝင်ပဲ အမေရိကန် နဲ့ ဥရောပ ဈေးကွက်မှာတော့ နိုဝင်ဘာ ၁၁ ရက်နေ့ က ဒေါ်လာ ၆၀၀ နဲ့ စတင် ဈေးကွက်တင်ရောင်းချခဲ့ပါတယ်။ လှပတဲ့ အရွယ်အစား လေး ဖြစ်တဲ့ ၅.၅ လက်မ မျက်နှာပြင် ကို Quad HD နဲ့ တည်ဆောက်ထားပါတယ်။ Corning Gorilla Glass 5 မျက်နှာပြင် ဖြစ်တဲ့အတွက် ကြည်လင်တောက်ပတဲ့ ရုပ်ထွက် တွေကိုလည်း ရရှိစေနိုင်ပါတယ်။
အလူမီနီယမ် ကိုယ်ထည် မှာ ရေစိမ်ခံနိုင်တဲ့ နည်းပညာထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ လတွေက ထွက်လာခဲ့တဲ့ HTC 10 ရဲ့ ဒီဇိုင်း နဲ့ ဆင်တူလှပြီး ငွေရောင် နဲ့ အနက်ရောင် နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ရှေ့ဘက် က 16 Megapixel ကင်မရာကလည်း Selfie ဖြစ်စေ၊ ပန်နိုရားမားတွေ အတွက် ဖြစ်စေ အဆင်ပြေစေတဲ့ အနေအထားပါပဲ။ Selfie အတွက်ကိုတော့ 8 Megapixel ထည့်သွင်းထားပါတယ်။ ကင်မရာပိုင်း မှာ တော့ Glass Lens၊ Dual LED flash Self timer up to 10 seconds ၊ Face detection ၊ Panorama ၊ Zoe capture Hyperlapse ၊ Slow motion video (720P@120 fps) ၊ 4K video recording with Hi-Res audio စတာတွေဟာ ကျေနပ်စရာ ကောင်းလွန်းလှပါတယ်။ ထူးခြားချက်အနေနဲ့ ယခု HTC Bolt မှာ ဆူညံသံတွေကို ၁၀၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တဲ့ HTC ရဲ့ ကိုယ်ပိုင် အသံနည်းပညာ ဖြစ်တဲ့ BoomSound Adaptive Audio စနစ်ထည့်သွင်းထားခဲ့ပါတယ်။
သိသင့်သိထိုက်တဲ့ အချက်အလက်တွေကိုတော့ ရွေးထုတ်ဖော်ပြပေးလိုက်ပါတယ်။ . Dimensions and Weight – 6.06 x 3.04 x .32 in, 6.14 oz Platform Android – Android 7.0 with HTC Sense Main Camera – 16MP Display – 5.5 in, Quad HD (2560 x 1440 pixels) Corning® Gorilla® Glass 5 curve edge SIM Card Type – Nano SIM Battery – Capacity: 3200 mAh Multimedia CPU Speed – Qualcomm® Snapdragon™ 810, octa-core, up to 2.0 Ghz Memory – ROM: 32GB / RAM: 3GB Connectivity – NFC/ Bluetooth® 4.1/Wi-Fi®: 802.11 a/b/g/n/ac (2.4 & 5 GHz) Ref : digitaltimes

LG V20 ဗားရှင်းအသစ်


LG ရဲ့ နောက်ထွက်မယ့် မျိုးဆက်သစ် စမတ်ဖုန်း V20 ဟာ Android ဗားရှင်းအသစ် 7.0 Nougat စနစ်နဲ့ အလုပ်လုပ်မယ့် ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် ဒီသတင်းအပေါ် အတည်ပြုပြောကြားနိုင်တဲ့ အချက်အလက်တချို့လည်း ရရှိထားခဲ့တာပါ။ ဒီရဲ့ အတည်ပြုပြောကြားမှုဟာ Google ထံကနေ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ရေးသားထားခဲ့တာပါ။
Google ရဲ့ တရားဝင်စာမျက်နှာပေါ်မှာ အသစ်ထွက်လာမယ့် Android 7.0 Nougat ကို မိတ်ဆက်ထားတဲ့ အပြင်အောက်ဖက်မှာလည်း LG ရဲ့ V20 ကို ထည့်သွင်းလာမှာဖြစ်တယ်ဆိုတာကို ရေးသားထားခဲ့တာဖြစ်ပါတယ်။
V20 အနေနဲ့လည်း ကောလဟာလသတင်းတွေ အဆင့်မှာသာ ရှိသေးတာကြောင့် ဒီအကြောင်းကို အတည်ပြုထားခြင်းမရှိပေမယ့် သတင်းပေါက်ကြားမှုတွေအရ အခုလို အခိုင်အမာဆိုနိုင်ခဲ့တာပါ။ LG အနေနဲ့ V20 ဖုန်းရဲ့ တရားဝင်မိတ်ဆက်ပွဲကို လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ ဆန်ဖရန်စစ္စကိုမှာ မိတ်ဆက်ဖို့ ရှိနေခဲ့ပြီး အဲ့ဒီရက်မှာပဲ HTC နဲ့ Google တို့ ပူးပေါင်းထုတ်လုပ်မယ့် Nexus ဖုန်းသစ်ကို ကြေငြာဖို့ အတွက် သတင်းတွေ ပြေးနေခဲ့တာကြောင့် LG အနေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေခဲ့ပါတယ်။
V20 ဟာ Samsung ရဲ့ လတ်တလော ထွက်ရှိထားတဲ့ Galaxy Note 7 ဖုန်းနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့အတွက် ထွက်ရှိလာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ရေးနေကြတာပါ။ Samsung အနေနဲ့လည်း လတ်တလောထွက်ထားတဲ့ ဖုန်းတွေကို Nougat ဗားရှင်းကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်လသုံးလအတွင်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုထားခဲ့ပါတယ်။ LG V20 စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလ ၂၃ရက်နေ့မှာ ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး Pre Orders တွေကို စက်တင်ဘာလ ၁၄ရက်နေ့မှာ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။ Ref:digitaltimes

Wednesday 2 November 2016

ကမ္ဘာ့ထိတ်လန့်ဖွယ်သတင်းဆိုးများ ဟောခဲ့သည့် အမျိုးသမီး


ခေတ်သစ် မက်စီဒိုးနီးယား နယ်မြေတစ်ခုမှာ မွေးဖွားခဲ့ပြီး ၁၉၉၆ ခုနှစ်မှာသေဆုံးခဲ့တဲ့ Vanga ဆိုသူ အမျိုးသမီးကြီးဟာ သူမ အသက် ၁၂ အရွယ်တွင် ပြင်းထန်တဲ့ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရ မျက်စိကွယ်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှ စတင်ကာ ကြိုတင်ဟောကိန်း ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၁၉၃၀ ခုနှစ်တွေလောက်မှာ ဘူဂေးရီးယားရဲ့ Petrich မှာ အခြေကျခဲ့ပြီး ဒုတိယကမ္ဘာစစ် စတင်ဖြစ်မှုအပေါ် သူမရဲ့ ကြိုတင်ဟောကိန်းမှု အပြီးနောက် သူမရဲ့ကျော်ကြားမှုဟာ ဘူဂေးရီးယားနိုင်ငံအတွင်း အလျင်အမြန် ပျံ့နှံ့သွားခဲ့ပါတယ်။ သူမကို၂၀ ရာစုနှစ်မှာ ဖြစ်ပွားတဲ့ ကြီးကျယ်တဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်သူအဖြစ် အသိအမှတ်ပြုခဲ့ကြပါ တယ်။
သူမထံသို့ အဒေါ့လ်ဖ် ဟစ်တလာအပါအဝင် ခေါင်းဆောင်အတော်များများ သွားရောက် မေးမြန်းခဲ့ကြပြီး Vanga ဟာ သူမ မသေဆုံးခင် ၁၉၉၆ ခုနှစ်မတိုင်မှီ ၂၀၀၄ ခုနှစ် တွင်ဖြစ်ပွါးခဲ့သည့် ဆူနာမီအကြောင်း၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Twin Tower အဆောက်အဦ တိုက်ခိုက်ခံရတဲ့ အကြောင်းအပါအဝင် ကမ္ဘာ့ထိတ်လန့်စရာ သတင်းဆိုးတွေကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
အခုလည်း သူမရဲ့ နောက်ဆုံး မကောင်းတဲ့ ဟောကိန်းဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ “မူဆလင်တွေ ဥရောပကို ကျူးကျော်တိုက်ခိုက်လိမ့်မယ်” ဆိုတဲ့ ဟောကိန်းကလည်း တကယ်ပဲ ဖြစ်လာတော့မယ့် ပုံပေါ်နေပါတယ်။
သူမ ဟောကိန်းထုတ်ခဲ့တာတွေကတော့ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ “အထူးစွမ်းအားရှိ” နိုင်ငံ တစ်နိုင်ငံဖြစ်လာမယ်။ အမေရိကန်နိုင်ငံအတွက် အစစအရာရာဟာ စတင် ယိုယွင်းပျက်ဆီးလာမှာဖြစ်ပြီး “အာဖရိကန် အမေရိကန်” သမ္မတဟာလည်း မြောက်ပိုင်းနိုင်ငံရဲ့ “နောက်ဆုံးသော” သက်ရှိသမ္မတဖြစ်လာမယ်ဆိုတာတွေ၊ ၂၀၂၃ ရောက်ရင် ကမ္ဘာရဲ့လည်ပတ်နေတဲ့ လမ်းကြောင်း ပြောင်းလဲပြီး ကမ္ဘာရဲ့ဆန့်ကျင်ဖက် “အစွန်းပိုင်းတွေကို လောင်ကျွမ်းအရည်ပျော်စေမယ်”၊ နောက် “အရှေ့အလည်ပိုင်း” ဟာ မီးလောင်မြိုက်ခံရမယ် ဆိုတာတွေပါ။
သူမကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့အထဲမှာ ၁၉၈၀ ခုနှစ်မှာ ဟောခဲ့တာကတော့ ထိတ်လန့်စရာ အကောင်းဆုံးပါ။ သူမဟောခဲ့တာက “ရာစုနှစ်အပြောင်းအလဲ ၁၉၉၉ ခုနှစ် သြဂုတ်လ ဒါမှမဟုတ် ၂၀၀၀ ခုနှစ်မှာ Kursk ဆိုတဲ့နေရာကို ရေလွှမ်းမိုးပြီး၊ ကမ္ဘာကြီးတစ်ခုလုံးဟာ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငိုကျွေးနေရမယ်”ဆိုတာပါပဲ။ သူမဟောခဲ့တာက ဘာမှ အဓိပ္ပါယ်မရှိသလို ပါပဲ ဒါပေမဲ့ နောက် နှစ် ၂၀ အကြာ ၂၀၀၀ ခုနှစ် သြဂုတ်လမှာ ရုရှနိုင်ငံရဲ့ Kursk လို့ အမည်ပေးထားတဲ့ နျူးကလီးယား ရေအောက်ယာဉ်ဟာ ရုတ်တရက် ထိခိုက်ပျက်ဆီးသွားခဲ့ ရပါတယ်။
Vanga အမျိုးသမီးကြီး ကြိုတင်ဟောကိန်း ထုတ်တဲ့အထဲမှာ သက္ကရာဇ် ၃၇၉၇ လောက်မှာဆိုရင် ကမ္ဘာပေါ်မှာ သက်ရှိထင်ရှား ကျန်နေမဲ့သူ ဘယ်သူမှ မရှိတော့ပါဘူးတဲ့။ သူမဟောကိန်း ထုတ်ခဲ့တာတွေထဲက တချို့ကတော့
· ၂၀၁၆ ခုနှစ်-မူဆလင်တွေ ဥရောပကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်မယ်။
· ၂၀၂၃ ခုနှစ်-ကမ္ဘာလည်ပတ်နေတဲ့ လမ်းကြောင်းမှာ အဓိကကျတဲ့ ပြောင်းလဲမှု ဖြစ်မယ်။
· ၂၀၂၅ ခုနှစ်- စစ်ပွဲတွေကြောင့် ဥရောပမှာ လူတွေ ပျောက်ကွယ်သွားလိမ့်မယ်။
· ၂၀၂၈ ခုနှစ်-ကမ္ဘာကြီးအတွက် စွမ်းအင်အရင်းအမြစ်တွေ ရှာဖွေဖို့ မျှော်လင့်ချက်နဲ့ ဗီးနပ်စ်ဂြိုပ်လိုမျိုး အခြားဂြိုလ်တွေကို သွားရောက်ဖို့ ကြိုးစားကြလိမ့်မယ်။
· ၂၀၃၃ ခုနှစ်-ကမ္ဘာကြီးရဲ့ ဆန့်ကျင်ဘက်အစွန်းတွေ အရည်ပျော်မှုကြောင့် ရေမျက်နှာပြင် မြင့်တက်လာမယ်။
· ၂၀၇၆ ခုနှစ်-ကွန်မြူနစ်ဝါဒ ကူးစက်ပျံ့နှံ့မှုဟာ ဥရောပနဲ့ ကျန်တဲ့ကမ္ဘာနေရာတွေကို ပြန်ရောက်လာမယ်။
· ၂၀၈၄ ခုနှစ်-သဘာဝတရားတွေ ပြန်လည်မွေးဖွားလာမယ်။  ၂၁၀၀ ခုနှစ်-ဂြိုလ်ရဲ့အမှောင်ခြမ်းမှာ နေအသစ်တစ်ခု ပေါ်ထွန်းလာမယ်၊ ဒီအချက်ကတော့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တဲ့ နယူကလီယာ စွမ်းအင်ကိုသုံးပြီး နေအတု တခုဖန်တီးမယ့် သိပ္ပံစီမံကိန်းကို ရည်ညွှန်းပုံရပါတယ်။

Source:DVB

Sunday 30 October 2016

ဟစ်တလာနောက်ဆုံး ပုန်းခိုခဲ့သောရာနေရာ


ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဟစ်တလာ နောက်ဆုံး ပုန်းခိုခဲ့ရာနေရာကို Berlin Museum တာဝန်ရှိသူတွေက အများ ပြည်သူ လေ့လာနိုင်ဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ နေရာဟာ ဒုတိယကမ္ဘာစစ်ကြီးအချိန်တွင်းမှာ ဟစ်တလာရဲ့ အမိန့်နဲ့ တည်ဆောက်ခဲ့တဲ့ Banker ဖြစ်ပါတယ်။

ကနဦး တည်ဆောက်ချိန်တုန်းက လူပေါင်း 3500 အတွက် ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်း စစ်ဖြစ်တော့ လူပေါင်း 12000 အထိ နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ အခန်းငယ်လေးတွေ များစွာနဲ့ ဖွဲ့စည်းထားပြီး လေ၀င် လေထွက်နဲ့ ပြင်ပအခြေအနေကို ကင်းထောက်ကြည့်ရှုနိုင်ဖို့ကိုလည်း စီမံထားတဲ့ Banker ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဲဒီ Banker အတွင်း ၀င်ရောက်လိုပါက ပြတိုက်မှာတာဝန်ထမ်းဆောင်နေတဲ့ Gide ပါမှ ခွင့်ပြုပါတယ်။ Berlin Museum တာဝန်ရှိသူတွေဟာ ဟစ်တလာ နောက်ဆုံး မိမိကိုယ်ကိုယ် သေနက်နဲ့ပစ်သတ်စီရင်ခဲ့တဲ့ ရုံးခန်းကို လည်း ပြသနိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဟစ်တလာဟာ အဲဒီရုံးခန်းထဲမှာ 1945 ခုနှစ်က သေကြောင်းကြံစည်သွားသူ ဖြစ်ပါတယ်။

အဆိုပါ ဧည့်ခန်းထဲမှာ ဟစ်တလာလေးစားအားကျခဲ့ရတဲ့ မဟာဖရီဒီရစ်ခ်ရဲ့ပန်းချီကို ချိတ်ဆွဲထားပြီး၊ မျက်နှာချင်းဆိုင် ဆိုဖာခုန်ပေါ်မှာ ဟစ်တလာနဲ့ သူ့ရဲ့ မယားငယ် Eva Braun တို့ သေနက်ဒဏ်ရာနဲ့ သေဆုံးနေခဲ့တာဖြစ်ပါတယ်။ အခုလော လောဆယ်မှာတော့ Banker မှာ ပါဝင်တဲ့ အခန်းအားလုံးကို တိုက်ရိုက်ဝင်ရောက်ခွင့် မပေးသေးဘဲ၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေသေးတယ်လို့ သိရပါတယ်။
source : BBC

Monday 24 October 2016

သေဆုံးသူကို ပြန်ရျင်စေမည့်နည်ပညာ

နည်းပညာ ကုမ္မဏီ တစ်ခုက တရားဝင် ပြောကြားခဲ့တာကတော့ သူတို့ဟာ သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့ စိတ်ဝိဥာဉ်ကို ဖန်တီးထားတဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းပြောင်းရွှေ့နိုင်မယ့် စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်နေတယ်ဆိုတာပါပဲ။ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလိုပဲ နည်းပညာကုမ္မဏီ တစ်ခုဖြစ်တဲ့ Humai ဟာ သူတို့အနေနဲ့ Artificial Intelligence ကို အသုံးပြုပြီး လူသားတွေရဲ့ ပြန်လည် ရှင်သန်ထမြောက်လာခြင်း အတွက် လုပ်ဆောင်နေတယ်လို့ အခိုင်အမာဆိုထားပါတယ်။ သူတို့တွေ မျှော်လင့်ထားကြတာကတော့ ဘိုင်အိုနစ် နည်းပညာ ၊ နာနိုနည်းပညာ နဲ့ Artificial Intelligence တို့ဟာလာမယ့် ဆယ်စုနှစ် ၃ ခု အတွင်း အဆင့်သင့် ဖြစ်လာလိမ့်မယ် ဆိုတာပါ။ သေဆုံးသွားတဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အသိဥာဏ်တွေ ဆက်လက်ကျန်ရှိနေဖို့အတွက် Humai ကုမ္မဏီ ဟာ Artificial Intelligence နဲ့ Nano နည်းပညာတို့ကို အသုံးပြုပြီး စကားပြောပုံစံများ ၊ အမူအကျင့်ဆိုင်ရာ Pattern များ ရဲ့ ဒေတာ အချက်အလက်တွေကို သိမ်းဆည်းကာ ခန္ဓာကိုယ်တစ်ခု ရဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးပေးမယ့် သတင်းအချက်အလက်တွေအဖြစ် ထည့်သွင်းကျမှာဖြစ်ပါတယ်။ ထို ဒေတာတွေဟာ ဆင်ဆာနည်းပညာများစွာ အဖြစ် ကုဒ်စနစ် နဲ့ ပြောင်းလဲသွားမှာဖြစ်ပြီး ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုထဲကို လူတစ်ယောက်ရဲ့ ဦးနှောက်အသွင်နဲ့ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သိပ္ပံနည်းပညာအရ ကိုယ်ပွားနည်းပညာတစ်ခုဖြစ်တဲ့ Cloning Technology ကို အသုံးပြုပြီး ထို ဦးနှောက်တွေကို အသက်အရွယ်နဲ့ အတွေ့အကြုံသစ်တွေအတွက် ပြန်လည် သိုလှောင်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ Humai ကုမ္မဏီကို CEO နဲ့ တည်ထောင်သူ Josh Bocanegra က တည်ထောင်ဦးဆောင်နေတာဖြစ်ပြီး လော့အိန်ဂျလိစ် မှာ အခြေစိုက်ထားတဲ့ ကုမ္မဏီ တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ Bocanegra က သြစတြေးလျ ပေါ်ပြူလာ သိပ္ပံ သတင်းဌာနကို ပြောပြခဲ့တာကတော့ သူတို့ရဲ့ နည်းပညာသာ ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ပြီးသွားရင်တော့ ဖန်တီးထားတဲ့ ခန္ဓာကိုယ်တစ်ခုအတွင်းကို ဦးနှောက်တစ်ခု အစားထိုး ထည့်သွင်းနိုင်လိမ့်မယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ source:( Mario ) Credit:Thit Htoo Lwin

Saturday 1 October 2016

ဂျပန်တွင် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ရပြီး



ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အပြင် အခြား ပြည်နယ် ၆ ခုမှ Google ဖိုက်ဘာ အင်တာနက်လိုင်းထက် ၂ ဆမြန်တဲ့ အင်တာနက် ဆက်သွယ်ရေး စနစ်ကို ဂျပန်မှာ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ Service Provider တော့ Sony ရဲ့  ကုမ္မဏီခွဲဖြစ်တဲ့ So-net က ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါပဲ။ 2Gbps downloads, 1Gbps uploads ဆိုတော့ Google က လက်ရှိ အမေရိကန် မှာ ပေးတဲ့ Gigabyte ထက်၂ဆ တောင် သာပါတယ်။ ဈေးကလည်း သက်သာပါတယ်။ တစ်လလုံး သုံးမှ ၅၁ ဒေါ်လာပဲ ကုန်ကျတဲ့အတွက် မြန်မာငွေနဲ့ တွက်ရင် ၄သောင်းခွဲ ဝန်းကျင် လောက်ပါပဲ။ ကနဦးတပ်ဆင်ခ ကတော့ ၅၃၇ ဒေါ်လာ ဖြစ်ပြီး ၂ နှစ်စာချုပ်နဲ့ install ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့် လိုက်ရင် ထူးထူးခြားခြား ဈေးကြီးသွားခြင်း မရှိပါ ဘူး။ ဂျပန်နိုင်ငံမှ အင်တာနက်လိုင်းအခြေပြု စီးပွားရေး လုပ်ငန်းများ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ် ချက်နဲ့ ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ တစ်ယောက်တည်း 2GBs သုံးရုံတင် မက နောက် ထပ်ပါ လိုင်းထပ်ခွဲ သုံးတာတောင် HD movie ကို စက္ကန့်ပိုင်းအတွင်း ဒေါင်းနိုင် တဲ့ ကော်နက်ရှင် ဖြစ် ပါတယ်။ ဒါကြောင့် So-net ဟာ Google ကိုကျော်လွန်လို့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်း ထောက်ပံ့တဲ့ service provider အဖြစ် စံချိန် တင်စေခဲ့ကြောင်း သိရပါတယ်။

Ref: Myawady News 

Android Smartphoneနှင့် လေယာဉ်စနစ်ကို ထိန်းချုပ်



လုံခြုံရေးသုတေသနပညာရှင် Hugo Tesoမှ ဟက်ကာတယောက်အနေဖြင့် Android Smartphoneကို အသုံးပြုခြင်းဖြင့် လေယာဉ်စနစ်ကို ထိန်းချုပ်နိုင်ကြောင်း Hack In Box Security Conferenceတွင် ပြောကြားခဲ့သည်။ လေယာဉ်ဆီသို့ dataပို့လွှတ်သော protocolကို ထိုးဖောက်သုံးစွဲခြင်းနှင့် လေယာဉ်ကို စီမံခန့်ခွဲသည့် softwareများ၏ bug (error)များကို အသုံးချခြင်းဖြင့် ဟက်ကာသည် လေယာဉ်သို့ radio signalပေးပို့ပြီး လေယာဉ်ကို လမ်းကြောင်း၊ အမြင့်၊ မြန်နှုန်းနှင့် လေယာဉ်မှုးကြည့်ရှုနေသော displayကိုပင် ပြောင်းလွှဲရန် စွမ်းဆောင်နိုင်ကြောင်း သိရသည်။ Tesoသည် မြေပုံကို ထိလိုက်တာနှင့် လေယာဉ်ဆီသို့ လမ်းကြောင်းရှာပေးနိုင်သော Andoird Applicationကို ရေးသားခဲ့ပြီး သူ၏ Samsung Galaxyဖုန်းဖြင့် သရုပ်ပြခဲ့သည်။ Tesoက သူ့အနေဖြင့် လေယာဉ်၏ သွားလာမှုနှင့် သက်ဆိုင်ရာ အားလုံးကို ပြောင်းလဲနိုင်စွမ်းရှိပြီး ဆိုးရွားသော ကိစ္စရပ်များကိုပင် လုပ်ဆောင်နိုင်ကြောင်း ပြောခဲ့သည်။ Tesoက ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ဥရောပ လေကြောင်းလုံခြုံရေး အုပ်ချုပ်ရေးအဖွဲ့သို့ ယခုထောက်ပြခဲ့သော အားနည်းချက်များကို ပြင်ဆင်ရန် သတိပေးခဲ့သည်။

Ref:(Admin of Myanmar IT Group)